www.mmitknowledge.com ကိုလာရောက်လေ့လာကြတဲ့ မိတ်ဆွေများကို အထူး ကျေးဇူးတင်ပါတယ်ဗျာ။ ဒီ site လေးကdownload site သက်သက်ပါ။ လိုအပ်တဲ့ application နဲ့ software တွေကို www.mmitknowledge.com မှာရှာဖွေ ရယူနိုင်ပါတယ်။ Aung Ko Htet

Sunday, November 1, 2015

ကွန်ပျူတာ အသုံးပြုသူတိုင်း လုပ်သင့်တဲ့ ခန္ဓ္ဓာကိုယ် လှုပ်ရှားမှုများ




ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်ရတဲ့ သူတိုင်း အလုပ်ချိန်မှာဖြစ်ဖြစ် အိမ် မှာ နားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ၁၅ မိနစ်ခန့် ဒီလို  လှုပ်ရှားမှု လေးတွေ မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။ wikihow မှာလည်း အင်္ဂလိပ်လို ဖတ်ရှု နိုင်ပါတယ်။ 


မျက်လုံး လေ့ကျင့်ခန်း

ကွန်ပျူတာ ကို မျက်လုံးနဲ့ အာရုံစူးစိုက်ရတဲ့ အခါမှာ မျက်လုံးမှာ ရှိတဲ့ မျက်စီတွင်း အရည်တွေဟာ ခမ်းခြောက်လာပါတယ်။ ဒါကြောင့်ကွန်ပျူတာ ကြည့်ပြီး နာရီဝက်အကြာလောက်မှာ မျက်လုံးကို  ပိတ်လိုက် ဖွင့်လိုက် ၁၀ ကြိမ် ၁၅ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ 
ပြီးတော့ မျက်လုံးပြာဝေနေတယ် ဆိုရင် အိမ် အပြင်ဘက်ကို ခဏထွက်ပြီး သစ်ပင် ပန်းပင်များ စိမ်းစိမ်းစိုစို အရောင်ရှိတဲ့ အရာဝတ္တုများကို ကြည့်ပေးပါ။

ထိုင်လျက် လှုပ်ရှားမှု

ကွန်ပျူတာ သုံးတဲ့ အချိန် နာရီဝက်ကြာတိုင်း ကွန်ပျူတာ စခရင်ဘေး တစ်နေရာကို ခဏကြည့်ပေးပါ။
ခေါင်းကို ဟိုလှည့် ဒီလှည့် လုပ်ပြီး ပခုံးကို အပေါ်ပင့် အောက်ပင့် ၁၀ကြိမ်လောက် လုပ်ပေးပါ။ တင်းနေတဲ့ ဂုတ်ကြောတွေ ပြေလာပါလိမ့်မယ်။

လက်လေ့ကျင့်ခန်း

လက်ကို မချိုးပါနဲ့ ။ လက်နှစ်ဖက်ကို အရှေ့ ကို ဆန့် တန်းပြီး လက်ချင်းယှက်ကာ တွန်းပါ။ ရင်ဘတ် အရှေ့ ဘက်ကို တွန်းပါ။ ခေါင်းအထက်ပိုင်းကို နေရာချိန်းပြီး တွန်းပါ။ လက်နှစ်ဖက်ကို ပြန်ယှက်ပြီး ကျောဘက်ကို ပြန်တွန်း ပြန်ဆုတ် လုပ်ပေးပါ။



ခါးနဲ့ ပေါင် လေ့ကျင့်ခန်း

ခါးနဲ့ ပေါင် လှုပ်ရှားမှု ဖြင့် ကျောမှာ တင်းနေတဲ့ အကြောတွေ ပြေလျော့စေပါတယ်။ မိမိထိုင်ခုံမှာပဲ ထိုင်လျက် နေပြီး ပေါင်ကို တစ်ဖက်ဒူးပေါ် ချိတ်ပြီး ခါးကို မတ်ပေးပါ။
နောက်တစ်ဖက်ကိုလည်း ဒီလိုလုပ်ပါ။ 

မျက်လုံးမာဆက်

လက်ဖဝါး နှစ်ဖက်ကို ပူးကပ်ကာ အပူငွေ့ ထွက်အောင် ပွတ်ပါ။ အပူထွက်လာရင် မိမိ မျက်လုံးကို ဖိအုံပေးပါ။ ထိုအတိုင်း ၁၀ကြိမ်လောက် လုပ်ပေးပါ။ မျက်လုံးမှာ တင်းနေတဲ့ အကြောများ အောင်းနေတဲ့ အပူတွေလည်း ထွက်လာပါလိမ့်မယ်။ မျက်လုံးအတွက် အကောင်းဆုံး မာဆက် ဖြစ်ပါတယ်။







Please Like Our Facebook Here

Thank You !
Aung Ko Htet